ဘာတွေကောင်းသလဲ?
Zawgyi
AirPods တွေဈေးများလို့မသုံးချင်သူများအတွက် ရွေးချယ်သင့်တဲ့ Quality ပစ္စည်းလေးပါ.
ဘာတွေကောင်းသလဲ?
ANC ပါဝင်တာကြောင့် ပြင်ပဆူညံသံတွေကို လျော့ချပေးနိုင်တဲ့အပြင်၊ 10mm Dynamic Driver ပါဝင်တာကြောင့် အသံပိုင်း အထူးကောင်းမွန်ပါတယ်။
Earbud နဲ့ ဖုန်းပြောမယ့်သူတွေအတွက်လည်း Dual Microphone ပါဝင်တာကြောင့် ကြည်လင်ပြတ်သားစွာ ပြောနိုင်ပါတယ်။
သီချင်းနားထောင်ရင်း Play/Pause လုပ်တာ၊ Answer/Reject Calls လုပ်တာ၊ သီချင်းကျော်တာ၊ Siri တို့ Google တို့ စတဲ့ Voice Assistance ခေါ်တာတွေကို Earbud တစ်ခုချင်းစီရဲ့ Touch Control နဲ့ ထိန်းချုပ်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
ANC "On" ထားပြီး အသုံးပြုမယ်ဆိုရင် ၄နာရီခန့် အသုံးခံမှာဖြစ်ပြီး၊ ANC "Off" ထားပြီး အသုံးပြုပါက ၇နာရီခန့် အသုံးပြုနိုင်မှာပါ။ အားအကုန်သုံးပြီး Case ထဲ ပြန်ထည့်ပြီး အသုံးပြုမယ်ဆိုရင် ၄ကြိမ်လောက်ထိ အေးဆေးအသုံးပြုနိုင်တာမို့ Case ကိုလည်း အားအပြည့်သွင်းထားမယ်ဆိုရင် နာရီ (၃၀)လောက်အထိ အသုံးခံပါတယ်။ Case ကို အားအပြည့်သွင်းဖို့ ကြာချိန် (၂)နာရီပဲလိုပါတယ်။ Type-C ပေါက်ကို အသုံးပြုပြီး အားသွင်းနိုင်မှာဖြစ်ပါတယ်။
NOTE - (အသုံးပြုနိုင်သော ကြာချိန်သည် မိမိအသုံးပြုသည့် အသံအတိုးအကျယ်၊ ပတ်ဝန်းကျင်ရှိ အခြား Bluetooth Signal, Wifi Signal များပေါ် မူတည်ပြီး အပြောင်းအလဲ ရှိနိုင်သည်။)(WiFi Signal ၃ခုခန့်နဲ့၊ Bluetooth Signal ၁၀ခုခန့် ရှိတဲ့ ကျွန်တော်တို့ ရုံးခန်းမှာ စမ်းသပ်ထားရာမှာ ANC "Off" ပြီး အသုံးပြုကြည့်တာ ၆နာရီ ခန့် အသုံးခံကြောင်း တွေ့ရှိပါတယ်။)
လေ့ကျင့်ခန်းလုပ်လို့ ချွေးစို၊ ရေစို မခံမှာလည်း မစိုးရိမ်နဲ့နော်။ IPX4 water resistance ပါဝင်ပါတယ်။ Outdoor Running လုပ်တုန်း မိုးဖွဲဖွဲရွာလည်း အေးဆေးပဲနော်။
Earbuds တွေနားနဲ့ အံမဝင်မှာလည်း မပူနဲ့နော်။ မိမိနားနဲ့ အံဝင်စေမယ့် Ear tips လေးတွေ ရွေးချယ် တပ်လို့ရအောင် Small, Medium, Large ဆိုပြီး Ear tips size 3စုံ အပိုပါဝင်ပါသေးတယ်။
Bluetooth 5.0 နည်းပညာကို အသုံးပြုထားပြီး၊ အတားအဆီး လုံးဝမရှိတဲ့ ဟင်းလင်းပြင်လိုနေရာမှာ (၁၀)မီတာ သို့ (၃၃)ပေ အထိ ချိတ်ဆက်နိုင်ပါတယ်။
NOTE - Bluetooth ချိတ်ဆက်နိုင်သော အကွာအဝေးသည် အခန်းဖွဲ့စည်းပုံ, အခန်းတွင်း wireless signal များရှိမှု, အတားအဆီး အနည်းအများပေါ်မူတည်ပြီး သတ်မှတ် အကွာအဝေးထက် လျော့နည်းနိုင်သည်။
Specifications